Premium Only Content
အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး၏ နှစ်သစ်ဆုတောင်း။ (31.12.22)
အဘိဓဇမဟာရဋ္ဌဂုရု ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိ ဆရာတော်ဘုရားကြီး၏ နှစ်သစ်ဆုတောင်း
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းတစ်ခုတော့ ကုန်သွားပြန်ပြီ။ ၂၀၂၃ ဆိုတဲ့ နှစ်သစ် တစ်ခုကိုကူးပြောင်းလာပါပြီ။ အဟောင်းတွေကုန်ကုန်သွားပြီးတော့ အသစ်တွေပြောင်းပြောင်းလာတဲ့အခါ အဲဒီနှစ်ဟောင်းက ကိုယ်ပြုခဲ့တဲ့ကောင်းမှုနဲ့ မကောင်းမှု ဒီနှစ်ခုစာရင်းချုပ်ကြည့်ကြရမယ်။ မကောင်းမှုက များတယ်။ ကောင်းမှုကနည်းရင် ထိုနှစ် ထိုပုဂ္ဂိုလ်ဟာ အရှုံးထွက်တယ်။ ကောင်းမှုကများပြီးတော့ မကောင်းမှု နည်းရင်တော့ ထိုနှစ်ဟောင်းမှာ ထိုပုဂ္ဂိုလ်ဟာ အမြတ်ထွက်တယ်။ အဲဒါကြောင့်နှစ်ဟောင်းနှစ်သစ်အတွက် ကောင်းမှုတွေ များများပြုနိုင်ဖို့ မကောင်းမှုတွေကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်ကြဖို့ ရှေးဦးစွာတိုက်တွန်း ပါတယ်။
နှစ်ဟောင်းတွေကုန်လို့ နှစ်သစ်ပြောင်းဆိုတာ အနိစ္စလက္ခဏာရဲ့ ထင်ရှားပြသချက်ဖြစ်ပါတယ်။ အဲတော့ တရား ချစ်ခင်သူတော်စင်အပေါင်းတို့ မြတ်စွာဘုရားကိုယ်တော်မြတ်က စက္ကဝတ္တိသုတ်တော်မှာ ဟောတော်မူတဲ့ အချက်ကလေးသုံးချက်ကို ရှေးဦးစွာပြောပါရစေ၊ လောဘုတ်သဒ္ဒါရဘဇာရ သုဘိခံ သရာကတ်ပေါဟောတိ လောဘထူပြောတဲ့ကမ္ဘာမှာ လောကကို မထိန်းသိမ်းနိုင်တဲ့ကမ္ဘာမှာ စီးပွားရေးတွေ ကျပ်တည်းပြီးတော့ အငတ်ဘေးတွေ ကြုံရတတ်တယ်၊ အဲဒါကြောင့်နှစ်ဟောင်းမှာ ဒီလောဘတွေကို ထိန်းချုပ်နိုင်ခဲ့သလား မထိန်းချုပ်နိုင်ခဲ့သလား၊ မိမိတို့ရဲ့ဘ၀ ဒါစာရင်းတွက်ပြီးတော့ စာရင်းစစ်ဖို့လိုပါတယ်၊ ဒီတော့လာမယ့် နှစ်သစ် အတွက် အားလုံးကို တိုက်တွန်းချင်တာက လောဘထူပြောတဲ့ကမ္ဘာမှာ အငတ်ဘေးကြုံရတတ်တယ်လို့ မြတ်စွာဘုရား ဟောတော်မူတဲ့အတွက်ကြောင့် အားလုံးလာမယ့်နှစ်သစ်မှာ လောဘကိုထိန်းချုပ်နိုင်ကြပါစေ၊ လောဘကို ရုပ်သိမ်းနိုင်ကြပါစေ၊ လောဘကို စည်းကမ်းသပ်နိုင်ကြပါစေဆိုတာ ရှေးဦးစွာမေတ္တာပို့ ဆုတောင်း ပါတယ်၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ လောဘတရားကို ထိန်းချုပ်နိုင်ကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ လောဘတရားကို ထိန်းချုပ်နိုင်ကြပါစေ၊ စီးပွားရေးကျပ်တည်း အငတ်ဘေးမှ လွတ်မြောက် နိုင်ကြပါစေလို့ လောဘနဲ့ပတ်သက်လို့ ဤမျှလောက်မေတ္တာပို့ပါတယ်၊ ဆုတောင်းပါတယ်၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ကမ္ဘာသူကမ္ဘာသားအားလုံး ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းကြပါစေ၊ ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ၊ နောက်ဒုတိယ မြတ်စွာဘုရားဟောတော်မူတဲ့ အချက်ကတော့ ဒေါသုသဒ္ဒါရဘဇာရ သဌန်သတာ ကပ်ပေါဟောတိ ဒီလိုဟော ပါတယ်၊ အဓိပ္ပာယ်ကဒေါသတွေလွန်ကဲတဲ့ကမ္ဘာမှာ ဒေါသထူပြောတဲ့ကမ္ဘာမှာ လက်နက်အမျိုးမျိုးဘေးနဲ့ လူသား တွေဟာသေကြရတယ်လို့ ဒီလိုဟောပါတယ်၊ သဌာသတာကပ်ဆိုက်တယ်လို့ ဒီလိုပြောပါတယ်၊ အဲဒါကြောင့် လွန်လေ ပြီးသောနှစ်ဟောင်းမှာ ဒေါသကိုတို့ဘယ်လောက် များထိန်းချုပ်နိုင်ခဲ့သလဲ၊ ဘယ်လောက်တောင် စည်းမဲ့ ကမ်းမဲ့လွှတ်ပေးခဲ့သလဲ၊ အဲဒါပြန်တွက်ပြီးတော့ အရှုံးအမြတ်တွက်ကြည့်ပြီးတဲ့ အခါမှာ လာမယ့်နှစ်သစ်အတွက် လည်းပဲ ဒီဒေါသကိုထိန်းချုပ်ပြီးတော့ အေးချမ်းစွာနေနိုင်ဖို့ ရှေးဦးစွာ ဆုတောင်းပါတယ်၊ ဒုတိယဆုတောင်းပါတယ်၊ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ ဒေါသတရားကို ထိန်းချုပ်နိုင်ကြပါစေ၊ မင်းကွန်းဆရာတော်ကြီး မိန့်သလို ဆိုရင်တော့ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းချမ်းကြပါစေ၊ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေ ဒေါသခပ်သိမ်းငြိမ်း ကြပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ ဒေါသခပ်သိမ်း ထိန်းချုပ် နိုင်ကြပါစေ၊ ဘေးရန်ခပ်သိမ်းငြိမ်းချမ်းကြပါစေလို့ ဒုတိယဒေါသနဲ့ပတ်သက်လို့ စက္ကဝတီသုတ်တော်အရ ဆုတောင်း မေတ္တာပို့ပါတယ်၊ နောက်တတိယ မေဟုတ်ဘဇာရ ရောဂန်သရကတ်ပေါလို့ စက္ကဝတီသုတ်မှာ ဟောထားတာရှိပါတယ်၊ မောဟထူပြောတဲ့ကမ္ဘာမှာ ရောဂါထူပြောတယ်လို့ စက္ကဝတီသုတ်မှာ ဘုရားဟောပါတယ်၊ ဒါ့ကြောင့်လက်တွေ့ မိမိတို့ခံစားနေရတဲ့ အခြေအနေနဲ့ မိမိတို့ရဲ့နှစ်ဟောင်းကမောဟတရားတွေ မိမိတို့ တစ်တွေ ဘယ်လောက်ထိန်းချုပ်နိုင်ခဲ့သလဲဆိုတာ ပြန်လည်ဆန်းစစ်ပြီးတော့ အရှုံးအမြတ်တွက်နိုင်ဖို့ အရေးကြီးပါတယ်၊ ဒါကြောင့် လာလတ္တံနှစ်သစ်အတွက် မြန်မာနိုင်ငံသူနိုင်ငံသားတွေ ရောဂါထူပြောခြင်းအကြောင်းဖြစ်တဲ့ မောဟ တရားကို ထိန်းချုပ်နိုင်ကြပါစေ၊ ရောဂါထူပြောခြင်းရဲ့အကြောင်းဖြစ်တဲ့ မောဟတရားကို ပယ်သတ်နိုင်ကြပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ မောဟကို ထိန်းချုပ်နိုင်ကြပါစေ၊ မောဟတရားကို ပယ်သတ်နိုင်ကြပါစေ၊ လောဘကို လည်းထိန်းချုပ်၊ မောဟကိုလည်းထိန်းချုပ်၊ ဒေါသကိုလည်းထိန်းချုပ် မောဟကိုလည်းထိန်းချုပ်လို့ ကမ္ဘာသူ ကမ္ဘာသားတွေ ငြိမ်းချမ်းသာယာရှိပါစေ၊ အငတ်ဘေးမှလည်း လွတ်မြောက်ပါစေ၊ စီးပွားရေး အကျပ်အတည်း ဘေးမှလည်း လွတ်မြောက်ကြပါစေ၊ လက်နက်အမျိုးမျိုးနဲ့ သေကျေပျက်စီးတဲ့ ဘေးဒုက္ခအပေါင်းမှလည်း လွတ်မြောက်ကြပါစေ၊ နှိပ်စက်လာတဲ့ ရောဂါအမျိုးမျိုးရဲ့ ဘေးမှလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်၊ မင်းကွန်းဆရာတော်ကြီး ဆုတောင်းသလို ပြောရမယ်ဆိုရင်တော့ လောဘခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသ ခပ်သိမ်းငြိမ်းကြပါစေ၊ မောဟခပ်သိမ်းငြိမ်းချမ်းကြပါစေ၊ နိုင်ငံသူနိုင်ငံသားတွေ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါ စေလို့ စက္ကဝတ္တသုတ်တော်အရ နှစ်သစ်ဆုတောင်းကိုဤသို့ပြုပါတယ်၊ နိဂုံးအနေနဲ့တော့ မေတ္တာသုတ္တန်ကလာတဲ့ အံ့သြဖွယ်ကောင်းတဲ့ မေတ္တာပို့စာပိုဒ်ကလေးကိုရွတ်ပြီးတော့ ဘုန်းကြီးတို့နှစ်ဦးကို ဆုတောင်းပါမယ်၊ နှစ်ဦးကို မေတ္တာပို့ပါမယ်၊ မေတ္တာသုတ္တန်မှာ န ပရော ပရံ နိကုဗ္ဗေထ နာတိမညေထ ကတ္ထစိ န ကဉ္စိ ဗျာရောသနာ ပဋိဃသည နာညမညဿ ဒုက္ခ မိစ္ဆေယျ မြန်မာ နိုင်ငံတစ်နိုင်ငံလုံးမှာ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ခေတ်စားတဲ့ မေတ္တာသုတ္တန်ဖြစ်ပါတယ်၊ မပါမပြီးတဲ့မေတ္တသုတ် အဲဒီမေတ္တသုတ်ထဲက ဒီဂါထာတစ်ပိုဒ်ဟာ အလွန်အံ့သြဖွယ် ကောင်းတယ်၊ ထိရောက်တဲ့ မေတ္တာပို့တစ်ခုဖြစ်ပါတယ်၊ တစ်ပါးသောသူသည် တစ်ပါးသောသူကို န နိကုဗ္ဗေထ အမြတ်မထွက်ပါစေနဲ့ တစ်ယောက်သောသူသည် တစ်ယောက်သော သူကိုအမြတ်မထွက်ပါစေနဲ့ ဒါဟာမေတ္တာပို့ပဲ၊ ဒေါသကင်းခြင်းဟာမေတ္တာပဲ၊ ဒေါသနဲ့မေတ္တာကဆန့်ကျင်ဘက် မေတ္တာဆိုတာဒေါသကိုဖယ်ရှားတာဖြစ်ပါတယ်၊ ဒါကြောင့် န ပရော ပရံ နိကုဗ္ဗေထ အမျက်ထွက် ခြင်းအချင်းချင်းကင်းရှင်းကြပါစေ၊ နှစ်သစ်အတွက်အထူးပဲ ဒီမေတ္တာပို့ကို ဘုန်းကြီးတို့ပို့လွှတ်ပါရစေ၊ န ပရော ပရံ နိကုဗ္ဗေထ အမြတ်ထွက်ခြင်းအချင်းချင်းကင်းရှင်းကြပါစေ၊ နောက် နာတိမညေထ ကတ္ထစိ န ကဉ္စိ ဘယ်အရပ်မှာဖြစ်ဖြစ် ဘယ်သူကဖြစ်ဖြစ် ဘယ်သူကို့မဆို နာတိမညေထ အထင်သေးခြင်း၊ မထီလေးစားပြုခြင်းမရှိကြပါစေနဲ့ ဒီလိုလည်းမေတ္တာပို့ထားတာ အံ့သြဖွယ်ကောင်းပါတယ်၊ ပဋိပက္ခဖြစ်ခြင်းတွေဟာ အထင်သေးတာတွေ မထီလေးစားလုပ်တာတွေဟာလည်း အကြောင်းရင်း တစ်ခုအနေနဲ့ ပါတယ်၊ အဲဒါကြောင့် နာတိမညေထ ကတ္ထစိ န ကဉ္စိ အထင်သေးခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ နှစ်ဟောင်း အတွက်ရော နှစ်သစ်အတွက်ရော မေတ္တာသုတ္တန်ရဲ့ဆုတောင်းကို အထူးပဲရွတ်ဆိုပြီးတော့ နှစ်သစ်ကိုကြိုဆိုပါ တယ်၊ နောက် ဗျာရောသနာ ဆိုတာက စောင်းမြောင်းတာ ပုတ်ခတ်တာ အတင်းအဖျင်းပြောတာ တစ်ပါးသော သူသည်တစ်ပါးသောသူကို မည်သူကပဲဖြစ်ဖြစ် မည်သည့်အရပ်မှာမဆို စောင်းမြောင်းလိုသော ပုတ်ခတ်လိုသော ချုပ်ချယ်လိုသော စိတ်ဓာတ်ဖြင့် နှိပ်စက်ပင်ပန်းအောင် မလုပ်ကြပါစေနဲ့ ဒါကြောင့်ဒီစာပိုဒ်ကိုလည်းပဲ လင်္ကာလေး ပေးပြီးတော့ နှစ်ဦးအတွက်ဆုတောင်းရမယ်ဆိုလို့ရှိရင် ပုတ်ခတ်လိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ စောင်း မြောင်းလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ ချုပ်ချယ်လိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ နောက်တစ်ခုက ပဋိဃသည ဆိုတာရန်ငြိုုးပဲ ဆဲသွားတဲ့လူ တစ်ယောက်ကိုပြန်ဆဲ နေမယ်ဆိုရင် အပြန်အလှန်ဆဲနေတဲ့ဆဲပွဲကြီးပြီး မှာမဟုတ်ဘူး၊ ကိုယ့်ကိုပုတ်ခတ်သွားတဲ့သူကို ပြန်ပုတ်ခတ်နေမယ်ဆိုလို့ရှိရင် ပုတ်ခတ်နှိပ်စက်တဲ့ဒီပွဲကြီး ဘယ်တော့မှပြီးမှာ မဟုတ်ဘူး၊ အနိုင်ကျင့်သွားတဲ့သူကို အနိုင်ယူဖို့ပြန် ကြိုးစားနေသရွေ့ကာလပတ်လုံး အပြန်အလှန်အနိုင်ကျင့်တဲ့ ဒီပွဲကြီးဟာလည်း ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး၊ ပဋိဃသည ရန်ငြိုးဖွဲ့တာ ရန်ပြုတဲ့သူကိုပြန်ပြီးတုံ့ပြန်ခြင်းသည် ဒီရန်ပွဲဟာဘယ်တော့မှမပြီးဘူး၊ မငြိမ်းဘူးလို့ မြတ်စွာဘုရားဟောပါတယ်၊ အဲဒါကြောင့် ရန်ငြိုးဖွဲ့ခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ ရန်ငြိုးဖွဲ့ခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ ဒီလို နှစ်သစ်ကိုမေတ္တာ ဆုတောင်းနဲ့ကြိုဆိုပါတယ်၊ နောက်တစ်ခုက နာညမညဿ ဒုက္ခ မိစေါယျ အဓိပ္ပါယ်က တစ်ယောက်သည် တစ်ယောက်ဒုက္ခရောက်တာကိုမလိုလားကြပါစေနဲ့ အများအားဖြင့်ကမ္ဘာမှာဒီဥစ္စာကလည်းပဲ ဖြစ်နေကျတစ်ယောက်က တစ်ယောက်ရဲ့ချမ်းသာသုခကို မလိုလားပဲနဲ့ တစ်ယောက်ယောက်ဒုက္ခရောက်တာကိုလို လားတဲ့စိတ်တွေဟာ ပြန့်ပွားနေတယ်၊ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့မှာ ဒီအပိုဒ်ကိုအကျယ်တဝင့် မိန့်ပါတယ်၊ အဲဒါကြောင့်သူတစ်ပါးတို့အပေါ်မှာ ရန်လိုတဲ့စိတ် ဆင်းရဲစေလိုတဲ့စိတ် ဒုက္ခဖြစ်စေချင်တဲ့စိတ်သည် ဘယ်သူကမှဘယ်သူကိုမှ မမွေးကြပါစေနဲ့လို့ ဒီမေတ္တာပို့ဆုတောင်းကလည်း ဆိုထိုက်တဲ့မေတ္တာပို့ဆုတောင်း ပို့ထိုက်တဲ့ မေတ္တာပို့ဆုတောင်း တစ်ခုဖြစ်ပါတယ်၊ နာညမညဿ ဒုက္ခ မိစေါယျ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်း ကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ နှိပ်စက်လိုခြင်းအချင်း ချင်းကင်းရှင်းကြပါစေ၊ ရန်ငြိုးဖွဲ့ခြင်း အချင်းချင်းကင်းရှင်းကြပါစေ၊ ပုတ်ခတ်လိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ အမြတ်ထွက်ခြင်း အချင်းချင်းကင်းရှင်းကြပါစေလို့ မေတ္တာသုတ္တန်လာတဲ့ န ပရော ပရံ နိကုဗ္ဗေထ ဂါထာရဲ့အဓိပ္ပါယ်များကို အနုလုံ ပဋိလုံ ဘုန်းကြီးတို့ မေတ္တာပို့၍ နှစ်သစ်ကို အေးချမ်းစွာ နေနိုင်ကြဖို့ ကြိုဆိုပါတယ်၊ နိဂုံးမှာကတော့ မေတ္တာနှလုံးကိုယ်စီ သုံးရွှင်ပြုံးကြပါစေ၊ ဂရုဏာနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေ၊ တို့မေတ္တာစွမ်းကမ္ဘာ လွှမ်းငြိမ်းချမ်းကြပါစေ၊ နှစ်သစ်မှာတိုင်းသူပြည်သား လူရှင်အားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ၊ နှစ်သစ်မှာကမ္ဘာသူ ကမ္ဘာသားအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ သီတဂူစမ်းလပမာ ချမ်းမြ သာယာရှိတော်မူကြပါစေ။
(31.12.2022)
-
UPCOMING
vivafrei
22 minutes ago"NO SEAT FOR YOU!" Trump Retracts Carney's "Peace Board" Invite! Car "Kill Switch" Passes! & MORE!
-
LIVE
MattMorseTV
1 hour ago🔴Whistle Blower just EXPOSED EVERYTHING.🔴
10,097 watching -
31:39
Robbi On The Record
12 days ago $12.73 earnedA Firsthand Account of Nigeria’s Christian Genocide | Judd Saul
77.1K12 -
1:38:50
The Quartering
2 hours agoYOUTUBER THREATENS ICE & FINDS OUT, NICK FUENTES VS CANDACE OWENS & MORE
77.9K22 -
DVR
DeVory Darkins
2 hours agoGreg Bovino drops BAD NEWS for Democrats after fake news story gets debunked
46.5K24 -
LIVE
Dr Disrespect
3 hours ago🔴LIVE - DR DISRESPECT - ARC RAIDERS - IT'S A PVE GAME
1,431 watching -
36:40
Tucker Carlson
3 hours agoWe Followed the World’s Deadliest Illegal Mass Migration Route. Here Is What We Found.
29.3K69 -
1:47:24
The Culture War with Tim Pool
4 hours agoTHEY'RE SCAMMING YOU | The Culture War Podcast
166K32 -
2:11:23
Side Scrollers Podcast
4 hours agoSide Scrollers Podcast Live | Friday January 23rd 2026
8.69K3 -
Wendy Bell Radio
7 hours agoThe Betrayers
60.9K104